
မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့်ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊ အထွက် နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ် ပေါ် လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ (သစ်) ၉၇၀၀ကျပ်နှင့် ၁၀၂၀၀ ကျပ်၊ S1 လုံးဆံ(ဆီဆံ)(သစ်)၉၃၀၀ကျပ်နှင့် ၉၇၀၀ကျပ်၊ S1 ဆီဆံ၈၄၅၀ ကျပ်နှင့် ၈၅၅၀ ကျပ်၊ အနီလုံးဆံ ၈၈၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊အနီလုံးဆံ(ရှည်)၈၄၀၀ ကျပ်နှင့် ၈၆၀၀ကျပ်၊ အနီ ဆီဆံ ၈၂၀၀ ကျပ်နှင့် ၈၃၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ် ကာလတူ တစ်ပိဿာ စျေးမှာS1 လုံးဆံ ၇၀၀၀ကျပ်နှင့် ၇၃၀၀ ကျပ်၊ S1 ဆီဆံ ၆၂၀၀ ကျပ်နှင့် ၆၄၀၀ကျပ်၊အနီလုံးဆံ ၆၃၀၀ကျပ်နှင့် ၇၀၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျင် ၂၀၀၀ ကျပ်ခန့်ပိုမိုရရှိကြောင်း သိရပါတယ်။ မြေပဲမှာစားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက် လိုအပ်ချက်များပြီး၊ ပြည်ပတင်ပို့သည့် စျေးကွက်ဝင်ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)