ဘိလပ်မြေဈေးနှုန်းနှင့်လက်ကျန်အခြေအနေ

Powered by Drupal

           မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ဈေးကွက်အတွင်းဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ အခြေအနေများအားသိရှိနိုင်ရန် ဘိလပ်မြေ အရောင်း ဆိုင်များသို့ (၈-၄-၂၀၂၅) နေ့နံနက် (၀၉:၃၀)နာရီ အချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            မြင်းခြံမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ လမ်းသစ်ရှိ မိဘ‌မေတ္တာ ဘိလပ်မြေအရောင်းဆိုင် နှင့် ကောင်းကျော် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းမေးမြန်းရာတွင် ကြံနှစ်ကောင်တံ ဆိပ် ဘိလပ်မြေ (50)kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်၊ Crown ဘိလပ်မြေ (50)kg တစ်အိတ်လျှင် (၂၄၀၀၀) ကျပ်ဖြင့်ဒေသတွင်းဖြန့်ဖြူး ရောင်းချလျက်ရှိပြီး၊ ဈေးကွက်ဝင်ရောက်မှု အနေဖြင့် ရန် ကုန် မြို့နှင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချ၍ ဒေသတွင်း ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရှိရပြီး ဘိ လပ် မြေ ရောင်းချသူများအား ဈေးကွက်အတွင်း သင့်တင့်မျှတသောနှုန်းထားများအတိုင်း ရောင်း ချ ရန်၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုလုပ်ရန်နှင့် အရောင်းဆိုင်များတွင် ဘိလပ်မြေလက်ကျန်အိတ်အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

DOCA(မန္တလေး)