
ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက် ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲယဉ်း များဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(ကြီး/လတ်)(သစ်) ၂၃၅၀၀၀ ကျပ်နှင့် ၂၄၀၀၀၀ ကျပ်၊ ပဲယင်း(သေး)(သစ်) ၂၃၀၀၀၀ ကျပ်နှင့် ၂၃၅၀၀၀ ကျပ်၊ ပဲယင်း(နီ) ၂၇၇၀၀၀ကျပ်နှင့်၂၇၈၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး/လတ်)(သစ်) ၃၉၁၇ ကျပ်နှင့် ၄၀၀၀ ကျပ်၊ ပဲယင်း(သေး)(သစ်) ၃၈၃၃ ကျပ်နှင့် ၃၉၁၇ ကျပ်၊ ပဲယင်း(နီ) ၄၆၁၇ ကျပ်နှင့် ၄၆၃၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး)၂၂၅၀ကျပ် နှင့် ၂၃၀၀ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ ယခုနှစ်စျေးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက ပဲယင်းကြီးတစ်ပိဿာလျှင် ၁၇၀၀ ကျပ် စျေးပိုမိုရရှိ ကြောင်းသိရပါတယ်။ စျေးကွက် အတွင်းပဲယင်းဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက်စျေး အနည်းငယ်ပြောင်းလဲမှု ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)