ပဲတီပင်ပေါက်ဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးကျေးဇူး

Powered by Drupal

ပဲတီပင်ပေါက်သည် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြစ်သည်။ မြင်းခြံမြို့နယ်အတွင်းရှိ စံပြဈေးနှင့် အေးမြသီတာဈေးများရှိ ကုန်စိမ်း တန်း များ တွင်ရောင်းချနေသော ပဲတီပင်ပေါက် ၁ ပိဿာလျှင် (၅၅၀၀) ကျပ်ဖြစ်ပြီး၊ ၂၅ ကျပ်သားလျှင် (၁၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။ ကိုယ်ခံအားစနစ်ကိုမြှင့်တင်သော ဗီတာမင်စီ ပါဝင်၍ အရေပြားကျန်းမာရေးကို အထောက်အကူပြုသည်။ အမျှင်ဓာတ်နှင့် ပရိုတင်းဓတ် ပါဝင်သောကြောင့် သွေး တွင်း သ ကြားဓာတ်ကို တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေး၍ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များ သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးသည်။ ပဲတီပင်ကို ဟင်းချိုချက်ခြင်း၊ သုပ်စားခြင်း၊ ကြော်ချက်ခြင်း စသည်ဖြင့် ဟင်းလျာများတွင် ထည့်သွင်းစားသုံးနိုင်ပါသည်။ ပဲပင်ဖောက်ရာတွင် မတ်ပဲ(သို့) ပဲတီစိမ်းပဲကို အသုံးပြုကြောင်းသိရသည်။

DOCA(မန္တလေး)