မန္တလေးပဲပုတ်ဈေးနှုန်းစျေးကွက်

Powered by Drupal

      မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှ ပဲပုတ်များဝင်ရောက်ပြီး၊ပဲပုတ်မှာ ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့်ပြည်ပတင်ပို့သည့် စျေးကွက်ဝင်ပဲ အမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ်အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် မေလဒုတိယပတ်အတွင်း ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲပုတ်(ရှမ်း) ၂၇၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ရှမ်း) ၅၀၇၀ ကျပ်နှင့် ၅၄၄၆ ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၂၉၆၇ ကျပ်နှင့် ၃၀၉၉ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။  ယခုနှစ်နှင့်ယခင်နှစ် ပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ရှမ်း) ၂၃၄၇ ကျပ်အထက်စျေးပိုမိုရရှိကြောင်း သိရ ပါတယ်။ ပဲပုတ်ဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိပြီး၊ စျေးကောင်းရသည့်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)