မန်းကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်

Powered by Drupal

    မန္တလေးမြို့တွင်းသို့ မကွေးတိုင်းဒေသတွင်း အောင်လံ၊တောင်တွင်း၊နတ်မောက်၊မကွေး ရေနံချောင်းနယ်များမှ ဆီထွက်သီးနှံ နှမ်း၊မြေပဲများ ဝင်ရောက်မှုရှိသကဲ့သို့ စစ်ကိုင်း၊မင်းကွန်းနှင့် မန္တလေးတိုင်းအတွင်း ကျောက်ဆည်၊မြစ်သား၊ကျောက်ပန်းတောင်းနယ်များမှ မန်းကုန်စည်ဒိုင် အတွင်းသို့ ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲများ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အဆိုပါ ဝင်ရောက်သည့် ကုန်စည်များကို မန္တလေးမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများ၊ အစား အသောက်ကုန်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများမှ ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် မေလ ဒုတိယပတ်အတွင်း မန်းကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်အနေနှင့် နှမ်းနက် ၃ တင်း ၁အိတ်လျှင် ၇၃၀၀၀ ကျပ်၊ ဆောင်းနှမ်း ၃ တင်း ၁အိတ် ၅၅၀၀၀ ကျပ်၊ မြေပဲ S1 လုံးဆံ ၁ ပိဿာ ၉၇၀၀ ကျပ်၊ S1 ဆီဆံ ၁ပိဿာ ၈၇၀၀ ကျပ်၊ Mတွဲဆံ ၁ ပိဿာ ၉၁၀၀ ကျပ်၊ Mတွဲဆီဆံ ၁ ပိဿာ ၈၆၀၀ ကျပ်၊ အနီဆီဆံ ၁ ပိဿာ ၈၂၀၀ ကျပ်တို့နှင့် မန်းကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)