
မန္တလေးမြို့ရှိ ကိုင်းတန်းဈေးနှင့် (၄၁)လမ်းဈေးသို့ မုံရွာနှင့် စစ်ကိုင်းဒေသတို့မှ ထွက်ရှိသော ကင်းပုံသီးများကို ပေါများသည့်ရာသီချိန်တွင် အလုံးတစ်ရာထုပ်များ ထုပ်ပိုး၍ လည်းကောင်း၊ ထန်းကောက်တောင်းများနှင့်ထည့်၍ လက်ကားရောင်းချကြသည်။ ထိုမှ တစ်ဆင့် မန္တလေးမြို့အတွင်းရှိ အနယ်နယ်အရပ်ရပ်ရှိ ဈေးကလေးများတွင် ရောင်းချကြရာတွင် ကင်းပုံသီး မှာ အချိုနှင့် အခါးဟူ၍ နှစ်မျိုးရှိသည်။ အခါးမှာ ဆေးဖက်ဝင်သော အသီးဖြစ်သည်။ ကင်းပုံသီး ကို မျှစ်နှင့် ကြော်၍လည်းကောင်း၊ နွားနို့ပေါများသည့် ဒေသတို့တွင် နွားနို့နှင့် ကင်းပုံသီးကို ချက်စားကြပြီး ကင်းပုံသီးလက်လီ(၁၀)လုံးလျှင် (၅၀၀)ကျပ်၊ (၂၅)လုံးလျှင်(၁၃၀၀/၁၅၀၀)ကျပ် အထိ အရွယ်အစားအလိုက် ရောင်းချကြပြီး အခါးမှာ ပို၍ ဝယ်ယူသူများကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)