ခရမ်းချဉ်သီးဈေး တရိပ်ရိပ်ပြန်တက်

Powered by Drupal

     မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျက်ရှိသည်။ ဖေဖော်ဝါရီလအတွင်း၌ ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ် ခရမ်းချဉ်သီးများ အပြိုင်ထွက်ပေါ်ခဲ့ပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း၌ သိသိသာသာကျဆင်းခဲ့ပါသည်။  ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်) အင်းသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပါသည်။ မတ်လဆန်းပိုင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၈၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိခဲ့ ပါသည်။ ယခုမေလဆန်းပိုင်းတွင် ရောင်းချသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ပါသည်။  ဈေးကွက် အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီးတစ်ပိဿာလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ထိုင်ဝမ် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၀၀၀/၂၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ခရမ်းချဉ်သီးဖြိုင်ဖြိုင်ထွက်ပေါ်ချိန် ဖေဖော်ဝါရီလနှင့် ယခုမေလဆန်းပိုင်းဈေးနှုန်းနှိုင်းယှဉ်ချက်အရ ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)