
မြင်းခြံခရိုင်၏ ၂၀၂၄-၂၀၂၅ ခုနှစ် ကွမ်းရွက်ကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၅၀၆) ဧက၊ ရိတ်သိမ်းဧက (၅၀၆)ဧက၊ အထွက်နှုန်း(၃၅၄၈.၃၀) ပိဿာ၊ အထွက်ပေါင်း (၁၇၉၅၄၃၉)ပိဿာ ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၈)ဧက၊ ရိတ်သိမ်းဧက (၈)ဧက၊အထွက်နှုန်း( ၃၄၁၆.၂၅) ပိဿာ၊ အထွက်ပေါင်း(၂၇၃၃၀)ပိဿာ၊ တောင်သာမြို့နယ်တွင်စိုက်ဧက မရှိပါကြောင်းနှင့် နွားထိုး ကြီးမြို့နယ်တွင် စိုက်ဧက(၄၉၈)ဧက၊ရိတ်သိမ်းဧက(၄၉၈)ဧက၊အထွက်နှုန်း (၃၅၅၀.၄၂) ပိဿာ၊ အထွက်ပေါင်း( ၁၇၆၈၁၀၉)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ကွမ်းရွက်ဈေးနှုန်းမှာကွမ်းရွက်နု တစ်ပိဿာလျှင် (၁၀၀၀၀/၁၂၀၀၀) ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၇၀၀၀/၈၀၀၀)ကျပ်နှင့် အသေးစတစ်ပိဿာလျှင် (၄၀၀၀/ ၄၅၀၀)ကျပ် ရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)