ပဲကြီး ဈေးနှုန်းဈေးကွက်

Powered by Drupal

          မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲကြီးသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၂၇၁၁)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၈.၄၄)တင်းဖြင့် အထွက်တင်း ပေါင်း(၂၂၈၈၇)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် အထွက်နှုန်း များအနေဖြင့် မြင်းခြံမြို့နယ်တွင်စိုက်ဧက(၂၆၁၉)၊ ရိတ်သိမ်းဧက(၂၆၁၉)နှင့် တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ (၈.၄၀)တင်းဖြင့် အထွက်တင်းပေါင်း(၂၂၀၀၀)တင်း၊ တောင်သာမြို့ နယ်တွင် စိုက်ဧက(၉၂)၊ ရိတ်သိမ်းဧက(၉၂)ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၉.၆၄)နှင့်အထွက်တင်းပေါင်း (၈၈၇)တင်း၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ပျိုးမှု မရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ပဲကြီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀-၃၇၀၀) ကျပ်များရှိ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)