
မြင်းခြံခရိုင်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၁၉၈၃၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၆၈.၄၂)တင်းဖြင့် အထွက်တင်းပေါင်း(၁၃၅၆၉၇၃)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် အထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင်စိုက်ဧက(၃၃၄၅)၊ ရိတ်သိမ်းဧက(၃၃၄၅)နှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၈၂.၄၉)တင်းဖြင့် အထွက်တင်းပေါင်း(၂၇၅၉၂၉)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၄၅၇၅)၊ ရိတ်သိမ်းဧက(၄၅၇၅)ဖြစ်ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၈၂.၂၈)နှင့်အထွက်တင်းပေါင်း (၃၇၆၄၃၁)တင်း၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၁၁၉၁၃)၊ ရိတ်သိမ်းဧက(၁၁၉၁၃)ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၅၉.၁၅) တင်း ၊အထွက်တင်းပေါင်း( ၇၀၄၆၁၃)တင်းထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ငစိန်(မိုး) ဈေးနှုန်းမှာ တစ်တင်းလျှင် (၁၈၀၀၀) ကျပ်နှင့် မနောသုခ(မိုး)တစ်တင်းလျှင် (၂၀၀၀၀/၂၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)