ကုလားပဲ ဈေးနှုန်းဈေးကွက်

Powered by Drupal

           မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ကုလားပဲသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၃၁၄၇၇)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၉.၅၄)တင်းဖြင့် အထွက်တင်းပေါင်း(၃၀၀၄၂၄)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် အထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင်စိုက်ဧက(၁၀၅၆၅)၊ ရိတ်သိမ်းဧက(၁၀၅၆၅)နှင့် တစ်ဧကပျမ်းမျှ အထွက် နှုန်းမှာ (၁၂.၅၁)တင်းဖြင့် အထွက်တင်းပေါင်း(၁၃၂၁၆၈)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၇၁၂၃)၊ ရိတ်သိမ်းဧက(၇၁၂၃)ဖြစ်ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၁၀.၀၉)နှင့် အထွက်တင်းပေါင်း (၇၁၈၇၁)တင်း၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၁၃၇၈၉)၊ ရိတ်သိမ်းဧက (၁၃၇၈၉)ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၆.၉၉) တင်း ၊အထွက်တင်းပေါင်း( ၉၆၃၈၅) တင်းထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ကုလားပဲ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၁၀၀/၄၃၀၀) ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တ‌လေး)