အရောင်းသွက်သည့်သစ်သီးစျေးကွက်

Powered by Drupal

             ရာသီဥတုပူပြင်းလာသည်နှင့်အတူ မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံအရောင်း သွက် လျက်ရှိကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှစိုက်သည့်အသီးများ ဝင်ရောက်မှုများပြီး အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းရှိ သစ်သီးပွဲရုံများသို့ သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် မေလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၈၀၀၀ ကျပ် နှင့် ၁၂၀၀၀ ကျပ်၊ လိမေ္မာ်သီးအပွ(အလုံးကြီး)  ၂၅၀၀ဝိ/-နှင့် ၃၀၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော်  ၁၂၀၀ဝိ/-နှင့် ၁၅၀၀ဝိ/- စျေး၊ စတော်ဘယ်ရီသီး(အကျွတ်သီး) ၁၀၀၀ဝိ/-နှင့်၁၂၀၀ဝိ/-စျေး၊စတော်ဘယ်ရီသီး(ချိုမွှေးသီး) ၁၂၀၀ဝိ/-နှင့်၁၄၀၀ဝိ/- စျေး၊ ထောပတ်သီး(Hass မျိုး) ၁၀၀၀ဝိ/- နှင့်၁၂၀၀ဝိ/-စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့် သစ်သီး စျေးနှုန်း များမှာတစ်လုံးလျှင်ကျွဲကောသီး(မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၅၀၀ဝိ/-၊ ပန်းသီးအလုံးကြီး (အကျွတ် သီး) ၂၅၀ဝိ/-နှင့်၃၅၀ဝိ/-၊ဆန်းကစ်သီး၂၅၀ဝိ/-နှင့်၃၀၀ဝိ/၊ပန်းသစ်တော်သီး(အလုံးကြီး) ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-စျေး၊သခွားသီး ၃၅၀ဝိ/- နှင့် ၅၀၀ဝိ/-၊ စိန်တစ်လုံးသရက်သီးတစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၅၀၀ကျပ်စျေးတို့ဖြင့် အသီးသီးရောင်းချ လျက်ရှိပါတယ်။ သစ်သီးအရွယ်အစားအလိုက် စျေး အနည်းငယ်ကွာခြားမှုရှိပြီး၊ မန္တလေးစျေးကွက်အတွင်း ရာသီဥတုပူပြင်းသည်နှင့်အတူ သစ်သီးများ အရောင်းသွက် လျှက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)