
မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ရာသီစာငှက်ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်တို့တွင် ငှက်ပျောသီးအများအပြား စိုက်ပျိုး ကြောင်း သိရပါ တယ်။ ဖီးကြမ်း၊သီးမွှေး၊ ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက် အတွင်း အများဆုံးတွေ့ရှိရပါတယ်။မတ္တရာမြို့နယ်ထွက်ငှက်ပျောသီးမှာ အခွံထူပြီး၊အရသာမှာ အချိုဓါတ် အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မှ ထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊ အချိုဓါတ် များ ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/-နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့်၃၀၀ဝိ/-၊သီးမွှေး ငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ၁၅၀ဝ/-နှင့်၂၀၀ဝိ/-၊ရွှေနီငှက်ပျောသီး(တောင်ငူသီး) မှာ၅၀၀ဝိ/- နှင့်၈၀၀ဝိ/-စျေးတို့ဖြင့် ပူပြင်းသောအချိန်တွင် ရာသီစာအဖြစ် စားသုံးသည့် ငှက်ပျောသီးမှာ သီးနှံစျေးကွက် တွင် အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)