မြင်းတန်းစျေးရှိသခွားမွှေးသီး

Powered by Drupal

            မန္တလေးသစ်သီးစျေးကွက်အတွင်းသို့ကျောက်ဆည်ဒေသထွက်သခွားမွှေးသီးများ ဝင်ရောက် မှုများသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်း သိရပါ တယ်။သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ သခွားမွှေး သီးအား အသီးအတိုင်း စားသုံးခြင်း၊ အခြောက်ခံ ခြင်း၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်၍ စားသုံးကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် မေလဒုတိယပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံး လျှင် အလုံးဝိုင်း (ကြီး) ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ် စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ ရာသီ ဥတုပူပြင်းသည့်အတွက် မန္တလေးစျေးကွက်အတွင်း သခွားမွှေးသီးမှာစားသုံးမှုများပြားပြီး၊ အရောင်း သွက်လျက်ရှိကြောင်း မြင်းတန်းစျေးရှိသစ်သီးရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။

DOCA(မန္တလေး)