
မန္တလေးစျေးကွက်တွင် သရက်သီးအမှည့်ဝင်ရောက်မှုများပြားသည့် ရာသီဖြစ်သော်လည်း သရက်သီးစိမ်းနှင့်စိမ်းစားသီးသရက်တို့မှာ စားသုံးသူကြိုက်နှစ်သက်သည့်အတွက် အရောင်းသွက် လျက်ရှိကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မေလဒုတိယပတ်အတွင်း မန္တလေးမြို့ ၄၁ လမ်း၊ကုန်စိမ်း စျေးကွက်တွင် သရက်သီးအစိမ်း (သုံးရာသီ သရက်သီး) အား အလေးချိန်ဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်လက္ကားစျေး ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊လက်လီစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ စိမ်းစားသီးသရက်မှာ (၁၀)လုံးလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်စျေး၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်စျေး၊ သရက်ချဉ်(အိုးသိပ်ချဉ် အဟောင်း) တစ်ပိဿာလျင် ၅၀၀၀ကျပ် နှင့်၆၀၀၀ကျပ်၊ (အိုးသိပ်ချဉ်အသစ်)တစ်ပိဿာလျင် ၇၀၀၀ ကျပ်နှင့်၈၀၀၀ကျပ်၊သရက်သီးသနပ် (ကုလားတည်ချဉ်) တစ်ပိဿာလျင် ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်နှင့် အသီးအရွယ်အစားအလိုက် သရက်ကင်း (အသီး လုံးသေး) ၁၀လုံးလျှင် ၂၅၀၀ကျပ်နှင့် ၃၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)