
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မြို့ပေါ်ရပ်ကွက်၌လည်းကောင်း၊ ကျေးရွာများတွင်လည်းကောင်း၊ ခရမ်းသီးပင်များစိုက်ပျိုးကာ ပိုလျှံသည်များကို ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသို့ ရောင်းချကြောင်း သိရသည်။
ခရမ်းသီပင်များ စတင်စိုက်ပျိုးမည်ဆိုလျှင် မိုးဦးကျကာလတွင် စိုက်ပျိုး၍ရကြောင်း၊ ခရမ်းသီးပင်သည် စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရကြောင်း၊ ၊ ၂၀၂၅ ခုနှစ်၊ မေလဒုတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၂၈၀၀)နှုန်းနှင့် လက်လီဈေး(၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်း ချရကြောင်း သိရသည်။
DOCA(စစ်ကိုင်း)