
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သစ်သီးဝလံများ ရန်ကုန် သီရိမင်္ဂလာဈေးဘက်မှ ဝင်ရောက်နေပြီး သစ်သီးဝလံဈေးနှုန်းများမှာ မအူပင်ဒေသထွက်စိုက်အပျိုးသော အုန်းသီး တစ်လုံး ၃၀၀၀ကျပ်၊ ငှက်ပျော်သီး ၁ဖီး ၃၀၀၀ကျပ်၊ ဝေါ၊ ဒိုက်ဦးဘက်မှ စိုက်ပျိုူးသော ဖရဲသီး ၁လုံး ၅၀၀၀ကျပ်၊ ရေကြည်မြို့နယ်စိုက်ပျိုးထွက်ရှိသော ဖရဲသီးအကြား ၁လုံး ၈၀၀၀-၁၀၀၀၀ကျပ်၊ ဘားအံဘက်မှ လာသော သရက်သီး ၁လုံး ၁၃၀၀-၁၅၀၀ကျပ်၊ ပန်းတနော်၊ ညောင်တုန်းဘက်မှ စိုက်ပျိုးထွက်ရှိသော မာလကာသီး ၇၀၀-၁၀၀၀ကျပ်၊ ရှမ်းပြည်ဘက်မှ ပန်းသီး ၁လုံး ၂၅၀၀ကျပ်၊ လိမ္မော်သီး ၁လုံး ၁၅၀၀ကျပ်၊ ထောပတ်သီး ၁လုံး ၂၀၀၀-၂၅၀၀ကျပ်၊ သီပေါ နာနတ်သီး ၁လုံး ၈၀၀၀ကျပ်၊ အောင်ပန်းလိမ္မော် ၁လုံး ၁၅၀၀ကျပ်၊ မအူပင် ဗမာသံပုရာသီးစစ်စစ် ၁၀၀-၂၀၀ကျပ်၊ သီဟိုဋ်စေ့ ၁ပိဿာ ၃၅၀၀၀-၄၀၀၀၀ကျပ် ဈေးဖြင့်ရောင်းချနေပြီး ဒေသထွက် သစ်သီးဝလံမှ လွဲ၍ အခြားသစ်သီးဝလံများကို ရန်ကုန် သီရိမင်္ဂလာဈေး မှ မှာယူရောင်းချကြောင်း ဒေသထွက်သစ်သီးဝလံများရောင်းချပါက အမြတ်ကျန်ရှိပြီး ရန်ကုန်မှ မှာယူရသော သစ်သီးဝလံများကို မှာယူရောင်းချပါက အရင်းအနှီး ၁၀၀၀၀၀ကျပါက အမြတ် ၃၀၀၀၀-၅၀၀၀၀ သာကျန်ရှိကြောင်း နှင့် ရန်ကုန်မှ ကုန်ကားများ ၂ရက်တစ်ကြိမ် လာရောက်၍ မှာယူရောင်းချကြောင်း ၊ ဧပြီလ တတိယပါတ် ဈေးနှုန်းနှင့် ယနေ့ ၁၀-၅-၂၀၂၅ ဆေးနှုန်း နှိုင်းယှဉ်ပါက သစ်သီးဝလံ ဈေးနှုန်း တည်ငြိမ်လျှက်ရှိကြောင်း သစ်သီးဝလံရောင်းချသူ ထံမှသိရသည်။
DOCA(ဧရာဝတီ)