
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းစံပြကျေးရွာ၌ ယိုးဒယားပိန္နဲသီးများကို စီးပွားဖြစ် စိုက်ပျိုးလျှက်ရှိရာ ယခုအခါ ရာသီပေါ် ယိုးဒယားပိန္နဲသီး အမှည့်များကို အဝယ်လိုက်ပြီး ဈေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူခြံရှင်များ မိသားစု ဝင်ငွေတိုးလျှက် ရှိသည်။
နတ်စမ်းကျေးရွာတွင် ခြံစိုက်ပျိုးသူများ အနေဖြင့် နှစ်ရှည်သီးနှံပင်ဖြစ်သည့် ရိုးရိုး ပိန္နဲသီးကိုသာ စိုက်ပျိုးလေ့ရှိပြီး အသီးသီးချိန်ကြာပြီး ဈေးကွက်မရှိသောကြောင့် တောင်သူ ဦးတင်အေးက ပြောသည်။ ယိုးဒယားပိန္နဲသီးမျိုးက အရွယ်အလုံးလည်း ကြီးမားကာ အရသာလည်း ချိုမြသောကြောင့် ဈေးကောင်းလည်းရတယ်လေ၊အသီး အရွယ်အစားအလိုက် ကီလိုဖြင့် ရောင်းချကြောင်း တစ်ကီလိုကို ၁၅ဝဝ ကျပ်ခန့် ရှိပြီး ပိန္နဲသီးတစ်လုံးကို ၁၅၀၀၀ ကျပ်ခွဲခန့်ရကြောင်း သိရသည်။
ကျိုက်မရောမြို့မှ ယိုးဒယားပိန္နဲသီးများကို ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများသို့ တင်ပို့ ရောင်းချရကြောင်း ယခုနှစ်၌ မန္တလေးမြို့ကလည်း ဝယ်လိုသူများ၍ တင်ပို့ပေးနေရကြောင်း ဈေးကွက်အခြေအနေကိုလည်း ပိန္နဲသီး စိုက်တောင်သူက ဆက်လက်ပြောပြသည်။ အဆိုပါ ယိုးဒယားပိန္နဲသီးများ ဇန်နဝါရီလဆန်း၌ အသီးစတင်သီး၍ သင်္ကြန်ရာသီချိန်ဆို စတင် ရောင်းချကာ ဇွန်လကုန်အထိ ဆွတ်ခူးရောင်းချနိုင်ကြောင်း တစ်ပင်ကို ၁ဝလုံး မှ ၁၅ လုံး အထိ သီးသဖြင့် ပိန္နဲခြံ တစ်ခြံရှိလျှင် မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ငွေရကာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။
DOCA (မွန်)