မော်လမြိုင်မြို့၏ မေလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မော်လမြိုင်မြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု မေလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅၀၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၀၇၀) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာလျှင် (၂၉၁၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၇၅) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခင် ဧပြီလ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅၂၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၁၀၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၉၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၅၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဧပြီလ နောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခု မေလ ဒုတိယအပတ်တွင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၅) ကျပ် ဈေးနှုန်းအသီးသီး အနည်းငယ်ကျဆင်းလျှက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

DOCA (မွန်)