ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်ဖြူ ဈေးနှုန်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ကျွန်းလှမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်ကျပ်(၁၀၀၀၀)၊(၂၅)ကျပ်သားလျှင်ကျပ်(၂၅၀၀)ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် ကြက်သွန်ဖြူ အရောင်းအဝယ် လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)