ကျွန်းလှမြို့တွင် အနည်းငယ် ရှားပါးလာသော ညောင်ရွက်ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိသားစု စားဝတ်နေရေးတွက်  မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ယခုအခါ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး တွင် ညောင်ရွက်များ ရောင်းချလျက်ရှိပြီး အနည်းငယ် ရှားပါးလာ၍ ညောင်ရွက်ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

 ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ညောင်ရွက်ဈေးနှုန်းမှာ ‌‌ညောင်ရွက်အစိမ်း(၁)ပုံလျှင်(၅၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁၀)ကျပ်သားခန့် (၁)လုံးလျှင်(၅၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁)ပိဿာလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချ ကြောင်း၊ ညောင်ရွက်များကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ၊ ရှမ်းစုကျေးရွာ၊ ကန့်ဘလူမြို့နယ် ပေကုန်းကျေးရွာ တို့နှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)