ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော တို့ဟူးစိမ်း ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ပေါ်ရပ်ကွက်တွင် မိသားစု စားဝတ်နေ‌‌ရေး အတွက် ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့်တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါလုပ်ကိုင်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

  တို့ဟူးစိမ်းသည် လူကြီး လူငယ်အရွေး ကြိုက်နှစ်သက်ပြီး မိမိတို့ နေ့စဉ် စားသုံးနေသော ထမင်း အတွက် အရန်ဟင်းတစ်ခွက်အဖြစ် အသုံးပြုကြသလို တို့ဟူးစိမ်းကို မနက်အစောစာအဖြစ် သုပ်စားခြင်း၊ တို့ဟူးကြော်ကို ကောက်ညှင်းပေါင်း နှင့်စားခြင်း၊ မုန့်တီသုပ်ထဲတွင်ထည့်ခြင်း၊ တို့ဟူးစိမ်းကို အစုံသုပ်၊ သင်္ဘောသီးသုပ်တို့ထဲတွင်ထည့်ခြင်း၊ တို့ဟူးစိမ်းကို အခြောက်လှမ်းပြီး တို့ဟူးခြောက်ကြော်စားခြင်းနှင့် တို့ဟူးစိမ်းကို အတုံးလေးတုံးပြီး ခရမ်းချဉ်သီးအနှစ်ဖြင့် အရန်ဟင်းအဖြစ် ချက်စားကြပါသည်။

        ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၏ တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ တို့ဟူးစိမ်းရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။    

      DOCA (စစ်ကိုင်း)