
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့် ဆူးပုတ်ရွက် (၁)စည်းလျှင် ၂၀၀ကျပ်၊ (၃)စည်းလျှင် ၅၀၀ကျပ်၊ ဆူးပုတ်ရွက်များကို ကျွန်းလှမြို့ပေါ်၊ ရှမ်းစုကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း အကြော်ဆိုင်များမှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)