ပေါ်ဦးပေါ်ဖျား ကသာမြေပဲပုရစ် စျေးကောင်းရ

Powered by Drupal

    ရွှေဘိုမြို့တွင် မေလ လဆန်းပိုင်းမှစ၍  ကသာမြို့မှ မြေပဲပုရစ်များ  ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခု မေလ တတိယပတ်တွင် မြေပဲပုရစ် အစိမ်း အကောင် (၁၀၀)လျှင်  (၁၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ၊ ပုရစ် အစိမ်း အတောင်ဖြုတ် သန့်စင်ပြီး အကောင် (၁၀၀)လျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဘိုမြို့ စည်ပင် သာယာဈေးရှိ ဒေသထွက် စားသောက်ကုန် ရောင်းချသူတစ်ဦးထံမှ သိရသည်။

     ဝင်ရောက်လာသော မြေပဲပုရစ်များကို   အခြားမြို့နယ်များဖြစ်သော မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များမှ  အသင့်စား စားသောက်ကုန် ပြုလုပ်ရောင်းချသည့် လုပ်ငန်း ရှင်များမှ ဝယ်ယူကြသည့်အပြင်၊ ရွှေဘိုမြို့ပေါ်ရှိ ဈေးကြီးများမှ တစ်ဆင့် ပြန်လည်၍ ဖောက်သည်ဝယ်ယူရောင်းချကြသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)