ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းပဲတီစိမ်း (၂၂၂၁၄) ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရ သည်။

   ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်းသိရှိရပြီး အလားတူပင် မေလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်အ ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲလွန်းဖြူ သီးနှံဈေးနှုန်း တည်ငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင် များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)