ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဒေသထွက် ခဝဲသီးများရောင်းချလျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ရာသီပေါ်ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ခဝဲသီးသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနှင့် အခြားသော ကျေးရွာများမှ ထွက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၁၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၃၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၉၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)