
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မန္တလေးမြို့အတွင်းရှိ မြို့နယ်၊ ရပ်ကွက် များသို့ ဈေးကားဖြင့် သက်သာသောအရောင်းဆိုင်ဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား စဉ်ဆက်မပြတ်လှည့်လည်ရောင်းချပေး ရာ မနောသုခ (၁)ပြည် ကျပ်( ၄၀၀၀/-)၊ကြက်ဥ (၁)ပိဿာ ကျပ် (၄၁၀၀/-)၊ဘဲဥ (၁)ပိဿာ ကျပ်(၅၀၀၀/-)၊စားအုန်းဆီ (၁)ပိဿာ ကျပ် (၈၅၀၀/-)၊ ကုလားပဲ ၂၅ ကျပ်သား ကျပ် (၂၄၀၀/-)၊ ဆိတ်သား(၁)ပိဿာ ကျပ် (၃၂၀၀၀/-)၊ ဝက်သား(၁)ပိဿာ ကျပ် (၂၆၀၀၀/-)၊အမဲသား(၁)ပိဿာ ကျပ်(၂၆၀၀၀/-)၊ကြက်သား(၁)ပိဿာ ကျပ်(၁၈၀၀၀/-၊၂၀၀၀၀/-)၊ ငါးကြင်း(၁)ပိဿာကျပ်(၁၀၀၀၀/-)၊ငါးနီတူးခြောက် (၁၀)ကျပ်သား ကျပ် (၃၀၀၀/-)၊ အာဗြဲခြောက် (၁၀)ကျပ်သား ကျပ် (၄၀၀၀/-)၊ အာလူး၊ကြက်သွန်နီ၊ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)