ကန့်ဘလူမြို့နယ်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းသီပင်ကို စတင်စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင်စိုက်ပျိုးရကြောင်း၊ ခရမ်းသီးပင်သည် စိုက်ပျိုးပြီးသုံးလအကြာတွင် အသီးကိုစတင်ခူးဆွတ် ရောင်းချရပြီး  တစ်ရက်ခြား တစ်ခါခူးဆွတ်ရကြောင်း၊ ခရမ်းသီးလှိုင်လှိုင်ပေါ်ချိန်တွင် ဖောက်သည်ပေးသည့်အပြင် မြို့မဈေးတွင်လည်း လက်လီ/လက္ကားရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၁၈၀၀)နှုန်းနှင့် လက်လီဈေး(၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း ခရမ်းစိုက်တောင်သူ၏ ဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)