အုတ်၊ထုံး၊သဲ၊ကျောက်များ အရောင်းဝယ်သွက်လျက်ရှိ

Powered by Drupal

    အဆောက်အဦတစ်ခု ဆောက်လုပ်တော့မည်ဆိုလျှင်မပါမဖြစ်ပစ္စည်းများကတော့ အုတ်၊ ထုံး၊ သဲနှင့် ကျောက်တို့ ဖြစ်ကြပါတယ်။ ယခင်နှစ် မေလတွင် အုတ်တစ်ချပ် ကျပ်၂၀၀၊ ထုံး ကျပ်၂၅၀၀/-သဲတစ်ကျင်း ကျပ်၂၅၀၀၀/- ၃မူးကျောက် ကျပ် ၈၀၀၀၀/-၊ B ကျောက် ကျပ် ၄၅၀၀၀/-၊6×9 ကျောက် ကျပ် ၅၅၀၀၀/-၊ ၊ 2×4 ကျောက် ကျပ်၅၅၀၀၀ /-ဈေးများရှိခဲ့ပြီး   ၂၀၂၅ ခုနှစ်မတ်လ(၂၈)ရက်နေ့ ငလျင်ဒဏ်ကြောင့်မန္တလေးမြို့တွင်းရှိအဆောက်အဦများ ပြိုကျပျက်စီးမှု များရှိခဲ့ရာ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများရောင်းအားကောင်းလျက်ရှိပြီးယခုနှစ်မေလတွင်၊အုတ်တစ်ချပ်ကျပ်(၄၀၀/-) ထုံးတစ်အိတ်ကျပ်၃၂၀၀/-၊သဲတစ်ကျင်းကျပ်၄၂၀၀၀/-၊ ၃မူးကျောက်ကျပ်၁၁၀၀၀၀/-၊ Bကျောက် ကျပ်၇၀၀၀၀/-၊ 6×9ကျောက် ကျပ်၈၅၀၀၀/-၊2×4 ကျောက် ကျပ်၇၅၀၀၀ /- ဈေးများရှိပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း လိုအပ်ချက် များပြားလျက်ရှိသောကြောင့် အုတ်၊ထုံး၊ သဲ၊ ကျောက်အရောင်းဆိုင်များရောင်းအားကောင်းလျက် ရှိကြောင်းသိရှိရပါသည်။

 

DOCA(မန္တလေး)