သီရိမာလာစျေးရှိဟင်းနုနွယ်ရွက်‌ဈေးနှုန်း

Powered by Drupal

   မန္တလေးမြို့၊သီရိမာလာစျေးတွင် ရာသီဥတုပူပြင်းမှုများကြောင့် ကုန်စိမ်းသီးနှံများဝင် ရောက်မှု အနည်းငယ်လျော့နည်းသွားသော်လည်း အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ကုန်စိမ်းအမယ်ဖြစ်သည့် ဟင်းနုနွယ်ရွက်အား ကြော်စား၊ ချက်စား၊ သုတ်စားသုံးခြင်းဖြင့် အမျိုးမျိုး စားသုံးလျက်ရှိပြီး၊ အဟာရအနေဖြင့် အန်တီအောက်ဆီးဒင့်ဓာတ်၊ ကယ်လဆီယမ်၊ဗီတာမင်နှင့် အိုင်းရွန်းဓာတ်တို့ပါဝင်တာကြောင့် နေ့စဉ်စားသုံးသင့်‌သော ဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ကုန်စိမ်းဟင်းနုနွယ်ရွက်ပေါက်စျေးမှာ လက္ကားစျေးတစ်ပိဿာလျှင်  ၁၅၀၀ ကျပ်နှင့် ၁၇၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)