ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သရက်ချဉ် ဈေးနှုန်း အခြေအနေ

Powered by Drupal

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဒေသထွက်ဖြစ်သည့် အချဉ်မျိုးစုံဖြစ်သည့် ပဲတီပင်ပေါက်ချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုးလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ်တို့ကို လုပ်ကိုင် ရောင်းချလျက်ရှိရာ သရက်ချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ သရက်ချဉ် ပြုလုပ်သည့် သရက် သီးစိမ်းကို သရက်သီးစိမ်းများလှိုင်လှိုင်ပေါ်သည့် ယခုလိုရာသီတွင် သရက်သီးများကို ခြစ်ဖြင့်ခြစ်ကာ ဆားသိပ်ပြီး မာကျောကာ ကြာရှည်ခံအောင် ကျောက်တုံးများဖိထားရပြီး  တစ်နှစ်စာ သိပ်ထားပြီး ရောင်းချရပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)