ကန့်ဘလူမြို့နယ်တွင် လူကြိုက်များ၍ အရောင်းသွက်သည့် သပြေပန်းဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်သာမက မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းကို ယခင်က တောတောင်များ၌ သာ တွေ့ရလေ့ရှိပြီး ယခုအခါ သပြေပန်းပင်များကို မိမိတို့ခြံဝင်းများတွင် ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း  သိရသည်။

    သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်း၊ အနီရောင်အဆင်းရှိပြီး လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍(၂)မျိုး ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း သပြေပန်းခက်တစ်စည်းလျှင်(၁၀၀၀) ကျပ်၊ သပြေငုတ်ကြီး(၁)ငုတ်လျှင် (၅၀၀၀)ကျပ်နှင့် သပြေငုတ်သေး(၁)ငုတ်လျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သပြေပန်းငုတ်သည် ကြာရှည်ခံသည့်အတွက် လူကြိုက်များကာ အရောင်းသွက် လျက်ရှိကြောင်း ပန်းရောင်းသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)