ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ‌ရောင်းချလျက်ရှိသော ကြက်သား ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် နေ့စဉ် လာရောက် ရောင်းချသူများ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

   ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူပြီး ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၏ ကြက်သားဈေးနှုန်းများ အနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး (၂၅၀၀၀) ကျပ်၊ လက္ကားဈေး (၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး(၃၀၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)