ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော မုန့်တီစိမ်း ဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် မုန့်တီစိမ်းလုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်းသိရသည်။

          ဗမာလူမျိုးများသည် ဆန်ကို ထမင်းအဖြစ် ချက်ပြုတ်စားသုံးသည့်အပြင် ဆန်ကိုပင် မုန့်ပဲသရေစာ စီမံပြုလုပ်စားသုံးကြသည်။ မုန့်တီ၊ မုန့်ဟင်းခါး၊ ဆန်ပြားခေါက်ဆွဲ စသည့်ဖြင့် အမျိုးမျိုးပြောင်းလဲ ဖန်တီး၍လည်း စားသုံးကြသည့်အနက် မုန့်တီသည်လည်း အပါအဝင်ဖြစ်ပါသည်။ မုန့်တီဖတ်များကို နန်းသေး ၊ နန်လတ် နှင့် နန်းကြီးဟူ၍ ခွဲခြားထားပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ မုန့်တီစိမ်း(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် မုန့်တီစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ မုန့်တီစိမ်း ရောင်းချနေသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရ သည်။

DOCA(စစ်ကိုင်း)