ကန့်ဘလူမြို့နယ်၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက်

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာမှ လာရောက် ရောင်းချလျက်ရှိကြောင်း၊ အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုး ရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရသည်။

      ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့် ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင်များ ၊အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ မေလ ဒုတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ (၅၀)ကျပ် သားလျှင် ၃၅၀၀ကျပ်၊ အစေ့ပါမန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၂၅၀၀မှ ၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန်ကျည်းသီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)