မအူပင်မြို့နယ်အတွင်းရောင်းချနေသော ဘိတ်ကွမ်းသီးဈေးနှုန်းမြင့်တက်လျှက်ရှိ

Powered by Drupal

   မအူပင်မြို့သို့ ဘိတ်၊ကော့သောင်း ကွမ်းသီးများ ဝင်ရောက်လျှက်ရှိပြီး နေစည်ရောင်းချနေကြောင်း တွေ့ရှိရသည်။ မအူပင်မြို့နယ်တွင် ဘိတ်ကွမ်းသီးရောင်းချသူလုပ်ငန်းရှင် ၃၅ဦးခန့်ရှိကြောင်း မအူပင်မြို့ ကွမ်းသီးအရောင်းအဝယ် ကုန်သည်များထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်ကို ပဲခူးတိုင်း (အရှေ့) တောင်ငူ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေး၊ ကျိုက္ခမီနှင့် စစ်တွေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မအူပင်မြို့တွင်လည်း ကွမ်းသီး စိုက်ဧက ၉၆၀ဧက ရှိကြောင်း သိရသည်။

       ၂၀၂၅ခုနှစ်၊ ဧပြီလအတွင်း၌ မအူပင်ဈေးကွက်တွင်ရောင်းချသော ကွမ်းသီး ဈေးနှုန်းများမှာ ကော့သောင်းအခွံ ချွတ်ကွမ်းသီး တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ယခင် ဇန်နဝါရီလက ကွမ်းသီး၁ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ ယခု ဧပြီ လဆန်းပိုင်းတွင် ကွမ်းသီးအခွံ ချွတ်ပြီး ၁ပိဿာ (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။  မအူပင်မြို့နယ်တွင် ကွမ်းသီးများကို အခွံချွတ်ရော၊ အလုံးလိုက်ရော ရောင်းချပြီး အလုံး ၁၀၀၀ပါ တစ်အိတ် ကို  ၄၀၀၀၀၀ ကျပ် ဝယ်ရသည်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ဈေးနှုန်း အနေဖြင့် အလုံးရေ ၁၀၀၀ပါ တစ်အိတ်ဈေး ၃၀၀၀၀၀ကျပ်ဖြင့် ဝယ်ယူရောင်းချရ ကြောင်းသိရသည်။ ကွမ်းသီးကားများ တစ်ပါတ်လျှင် ၆ဘီးကား (၂)စီး၊ ၁၂ဘီကား (၂)စီး မအူပင်မြို့သို့ ဝင်ရောက်နေပြီး မအူပင်တွင် ကွမ်းသီးရောင်းချသူ လုပ်ငန်းရှင် (၃၅)ဦးခန့်ကြောင်း သိရပြီး  ကော့သောင်းကွမ်းသီးများ တစ်နေ့လျှင် ပိဿာချိန် (၁၀၀)မှ (၂၀၀) အထိ အရောင်း အဝယ်ဖြစ်ကြောင်းနှင့် ဈေးမြင့်တက်လာရခြင်းမှာ ပင်ယင်းရန်ကုန်မှ ဈေးမြင့်တက်လာခြင်း၊ ကွမ်းသီးအထွက်နည်း၍ ဈေးမြင့်လာခြင်း ဖြစ်ကြောင်း ရောင်းချသူထံမှ သိရပါသည်။

DOCA(ဧရာဝတီ)