ကျွန်းလှမြို့တွင် ရောင်းချနေသော ကျောက်ဖရုံယို

Powered by Drupal

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း ရောင်းချလျက်ရှိရာ သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့်ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)