ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းဈေးနှုန်း

Powered by Drupal

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရာသီအလိုက် တောတောင်သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေ ရောင်းချသည့်အနက် ယခုချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်း ဈေးနှုန်းမှာ မျှစ်စိမ်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ မျှစ်စိမ်း(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် မျှစ်စိမ်း(၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)