
ကသာခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် စားအုန်းဆီအား ဈေးနှုန်း သက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန် ကသာခရိုင်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ကသာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်ကာ စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်း၍ စားအုန်းဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် မေလ(၁၄)ရက်နေ့တွင် ကသာမြို့ရှိ မြို့တော်ခန်းမ၌ စားအုန်းဆီတစ်ပိဿာလျှင် (၁၀၂၀၀/-) ကျပ်နှုန်းနှင့် ပြည်သူများအား (၁) ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ဆီပေပါ(၁၅)ပေပါ ရောင်းချပေးခဲ့ကြောင်း သိရှိရပြီး ဆက်လက်၍လည်း စားအုန်းဆီ ခွဲတမ်း ရရှိမှုအပေါ် မူတည်၍ ကသာခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)