ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချသည့် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့် စပါးလင်ဈေးနှုန်း

Powered by Drupal

   ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့် စပါးလင်များကို ရောင်းချလျက်ရှိပါသည်။ စပါးလင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ စားသောက်ဆိုင်များ၌ ငါးကင်၊ ငါးပေါင်း များပြုလုပ်ရာတွင် စပါးလင်ကို ထည့်၍အသုံးပြုကြကြောင်း၊ အာပူလျှာပူနှင့် မုန့်ဟင်းခါးချက် ပြုတ်ရာတွင်လည်းကောင်းသုံးစွဲကြရာ စပါးလင်သည် ဟင်းလျာများအတွက် မရှိမဖြစ် အရေးပါ သောအရာဖြစ်ပါသည်။ အမြစ်ပါသည့်စပါးလင်ကို အများဆုံးဝယ်ယူကြပြီး အိမ်တွင်ချက်ပြုတ်ပြီး သည့်အခါ အမြစ်ကိုပြန်လည်၍ စိုက်ပျိုးကြကြောင်း၊ စပါးလင်သည် ရေကြိုက်သည့်အပင်ဖြစ်၍ နေရာဒေသမရွေး၊ မြေအမျိုးအစားမရွေး စိုက်ပျိုး၍ရသောအပင်ဖြစ်ကြောင်း၊ စပါးလင်ကို ထုံး၍ သော်လည်းကောင်း အမြစ်ပါသည့်အပင်လိုက်သော်လည်းကောင်း ရောင်းချကြောင်း၊  ၂၀၂၅ခုနှစ် မေလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါးလင်ဈေးနှုန်းမှာ အမြစ်ပါသည့် အပင်(၁)ပင်လျှင် (၅၀ဝိ/-)ကျပ်၊ (၁)ထုံးလျှင်(၂၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)