ရွှေဘိုမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲတီစိမ်းဈေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မေလ၊ တတိယအပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။

   ပဲတီစိမ်းမှာ မေလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မေလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၁၄၂၅၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၀၈၀၀)တင်း/ (၃၅၃)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်း လျှင်(၁၄၅၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၂၅၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင်(၅၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲတီစိမ်းတစ်တင်းလျှင် (၈၃၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ပြီး ဝင်ရောက် သမျှ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)