ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲဖြူပြားဈေး

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲဖြူပြားစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲဖြူပြားများကို မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း မေလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲဖြူပြားဈေးနှုန်းမှာ (၁)ပြည်လျှင်(၈၀၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူပြား(၁)ပြည်လျှင်(၈၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီပြီး ဈေးငြိမ် နေကြောင်း သိရှိရပြီး  အလားတူပင် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲဖြူလေး (၂၂၅)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက် အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲဖြူလေးများကို ဒေသထွက်ပဲများအပြင် မန္တလေး တိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း မေလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲဖြူလေးဈေးနှုန်းမှာ (၁)ပြည်လျှင် (၇၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၁၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏ အ‌ရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူလေး (၁)ပြည်လျှင်(၇၆၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့် ဈေးတူညီပြီး ဈေးငြိမ်နေကြောင်း၊ ယခုအပတ်တွင် ကျွန်းပဲများလည်းဝင်ရောက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)