မြိတ်ဒေထွက် မင်းဂွတ်သီးများစျေးကောင်းရရှိ

Powered by Drupal

   မြိတ်တွင်ရာသီပေါ် မင်းဂွတ်သီးများစျေးကောင်းဖြင့်ရောင်းချရ၍ ဒေသခံတောင်သူများအ တွက် ဝင်ငွေကောင်းလျက်ရှိကြောင်းသိရသည်။ မြိတ်ဒေသရှိ ဘုတ်ပြင်းနှင့် တနင်္သာရီမြို့နယ်တွင် မင်းဂွတ်သီးမထွက်ရှိသေးဘဲ မြိတ်မြို့နယ်နှင့် အနီးကျေးရွာများတွင်သာ ထွက်ရှိသေးသဖြင့် ဈေးကောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

   သို့ရာတွင် ယခုနှစ် မိုးရွာသွန်းချိန်စော၍ မိုးများသည့်အတွက် နောက်ပိုင်းထွက်ရှိသည့် မင်းဂွတ်သီးများမှာ အပင်ပေါ်တွင်ပင် ပုပ်လာကြောင်း မြိတ်မြို့နယ်ရှိ မင်းဂွတ်သီးခြံပိုင်ရှင်တစ်ဦးက‌ ဆိုသည်။ ယခုနှစ်တွင် မိုးရွာချိန်စောသဖြင့် မင်းဂွတ်သီး၊ ဒူးရင်းသီးအပါအဝင် ရာသီပေါ်သီးနှံအချို့ အပျက်အစီးများနေကြောင်း တောင်သူအချို့ထံမှ သိရသည်။ မြိတ်ဒေသထွက် မင်းဂွတ်သီးတစ်လုံး၏ စျေးနှုန်းမှာ တစ်လုံးလျှင် ၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)