အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်း ကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်း ကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဧပြီလ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေးအလိုက် ကျပ်(၁၅၀၀-၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၄၀၀-၁၈၀၀) ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀-၂၀၀)ခန့် ဈေးနှုန်း အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီး စိုက်ခင်းများ၌ အထွက်နှုန်းမရှိတော့သည့်အတွက် မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်း မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချရသောကြောင့် သယ်ယူစရိတ်မြင့်မား၍ ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA( မ‌ကွေး)