အရောင်းသွက်သည့်ကြက်ဥစျေးနှုန်းစျေးကွက်

Powered by Drupal

ဧပြီလဒုတိယပတ်အတွင်း  ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥဈေးမှာ  ဝယ်ယူမှုများပြားသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း    သိရပါတယ်။    မန္တလေးစျေးကွက်အတွင်း    ပြင်ဦးလွင်မြို့နယ်၊   ပြင်စာကျေးရွာ မွေးမြူရေးခြံထွက်ကြက်ဥများ ဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ  ခြံများမှ  ဝင်ရောက်ခြင်း၊ ဘဲဥမှာ  အမရပူရ ပုသိမ်ကြီး၊ မတ္တရာမြို့နယ်ရှိ ခြံများမှ ဝင်ရောက် ခြင်း၊ ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိ မွေးမြူရေးခြံတို့မှ အသီးသီးဝင်ရောက်ကြောင်း သိရပါတယ်။  

 ၂၀၂၅ ခုနှစ်ဧပြီလဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ (၃၀လုံး ပါ ၁၀ ကဒ်) တစ်ဆွဲ လျှင် ၁၂၆၀၀ဝိ/-နှင့်၁၃၅၀၀ဝိ/- စျေး၊လက်လီစျေးအနေဖြင့်  ကြက်ဥတစ်လုံး လျှင်၄၂ဝိ/-နှင့်၄၅ဝိ/- ၊   ဘဲဥတစ်လုံးလျှင်  ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀) လုံးလျှင်၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့် ရောင်းချလျက်ရှိပြီး   အရွယ်အစားပေါ်မူတည်၍ စျေးကွားခြားမှု ရှိကြောင်းသိရှိရ ပါတယ်။  ပြင်ဦးလွင်‌ဒေသရှိ မွေးမြူရေးခြံများမှ မန္တလေးစျေးကွက်အတွင်းသို့ ကြက်ဥ ဝင်ရောက်မှု မှာ  ၁၆ မိုင်၊ ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ  ၂၀၂၅ ခုနှစ်ဧပြီလအတွင်း  ၆ဘီး နှင့် ၁၂ ဘီးယာဉ် (၂၀၃)စီး ဝင်‌ရောက်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)