
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲစိုက်ပျိုးမှုကို အများဆုံးရှိနေသည်ကို တွေ့ရပြီး တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် စိုက်ပျိုးပြီးစီးမှု အများဆုံးရှိနေသည်ကို တွေ့ရပါသည်။ နှမ်းစိုက်ပျိုးမှုတွင် ဥတ္တရသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် စိုက်ပျိုးမှုအများဆုံး ရှိလာနိုင်ပါသည်။
မြေပဲဆံနှင့် နှမ်းဈေးဖြစ်ပေါ်မှုတွင် မျိုးအသုံးပြုချိန်ဖြစ်သဖြင့် လုပ်ငန်းသုံးဈေးနှင့် မျိုးစေ့ဈေးနှုန်း ကွာခြားမှုကို တွေ့ရှိရပါသည်။ မြေပဲဆံတွင် ဈေးနှုန်းခြားမှုနည်းပါးပြီး ကွာခြားမှုမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့် ကွာခြားမှုရှိပါသည်။ နှမ်းဈေးနှုန်းတွင် လုပ်ငန်းသုံးနှမ်း (နက်)တစ်ပိဿာ (၁၁၅၀၀)ကျပ်ခန့် ရှိသော် လည်း မျိုးစေ့နှမ်း(စမုံနက်)မကွေးမြို့နယ်မှ ဝင်ရောက်သော နှမ်းဈေးနှုန်း တစ်ပိဿာ (၁၈၅၀၀)ကျပ်ခန့် ရှိနေသည်ကို တွေ့ရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)