
မန္တလေးဈေးကွက်သို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းသီးနှံများ ၂၀၂၅ ခုနှစ် ဧပြီလ ဒုတိယပတ်အတွင်း ဝင်ရောက်မှု အနည်းငယ်လျော့ကျသွားပြီး စျေးအနည်းငယ်မြင့် သွားကြောင်းသိရှိပါတယ်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုး နှင့်ထိုင်ဝမ်မျိုးနှစ်မျိုးတွေ့ရှိရပြီး တစ် နှစ်ပတ်လုံးဝင်ရောက်သည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါတယ်။ မုန်လာဥနီကုန်စိမ်းသီးနှံမှာလိမ္မော် ရောင်ရှိပြီး၊ကယ်လိုရီပါဝင်မှုနည်း ခြင်း၊ ဗီတာမင်နှင့်သတ္ထုဓာတ်များစွာပါရှိသည့်အတွက် ခါကြက်ဥ စားသုံးခြင်းဖြင့် အသားအရေလှပ စေခြင်း၊ သွားနှင့်သွားဖုံးများ ကျန်းမာစေခြင်း၊ အရွယ်တင်နုပျိုစေ ခြင်း၊ အသည်းကျန်းမာစေခြင်း၊ သွေးသန့်စေခြင်း၊ မျက်စေ့အား ကောင်းစေခြင်း၊အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ခြင်းတို့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခါကြက်ဥ(ခေါ်)မုန်လာဥနီကို အသုပ်၊ အပြုတ်၊ အကြော်၊အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊ ထမင်းလိပ်၊ကင်မ်ချီ၊တော့ပိုကီ၊ ဘီစကစ်၊စပါဂ်တီခေါက်ဆွဲ၊ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီ၊ ပူတင်း၊ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊ မုံလာဥနီ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုး စားသောက်ကြကြောင်း သိရပါ တယ်။ မန္တလေးကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဧပြီလဒုတိယပတ်အတွင်း တစ်ပိဿာလျှင် လက္ကားဈေးခါကြက်ဥ (ဒေသမျိုး) ၁၈၀၀ ကျပ် နှင့် ၂၀၀၀ကျပ်၊ ထိုင်ဝမ်မျိုး ၆၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊ လက်လီဈေးဒေသမျိုး ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ ထိုင်ဝမ်မျိုး ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ ခါကြက်ဥမှာ အရောင်းသွက်သည့်ကုန်စည်ဖြစ်ပြီး၊မန္တလေးမြို့၊သီရိမာလာ ကုန်စိမ်းစျေးအတွင်း ခါကြက်ဥ(ခေါ်)မုန်လာဥ နီသီးနှံဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင်(Canter ) ၆ ဘီးကား ၁၅စီးနှင့် ၂၀စီး အကြား ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)