
မြန်မာ့အစားအစာဖြစ်သော မုန့်ဟင်းခါးများနှင့် နံနက်စာထမင်းကြော်စားသုံးရာတွင် အဓိကတွက်ဖက်စားသုံးသောဘဲဥများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လည်း လူကြိုက်များ အဓိက စားသုံးသော စားကုန်တစ်မျိုးဖြစ်ပါသည်။
ယခင် မေလ တတိယအပတ်အတွင်း ဘဲဥအကြီးတစ်လုံးလျှင် (၆၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခင် ဒုတိယအပတ်နှင့် နှိုင်းယှဥ်ပါက တစ်လုံးလျှင်(၅၀)ကျပ် စျေးနှုန်းအနည်းငယ် ကျဆင်း လျက်ရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရောင်းချလျက်ရှိသော ကြက်ဥ/ဘဲဥရောင်းချသော စျေးသည်များထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)