ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်တက်

Powered by Drupal

       ထားဝယ်မြို့၊ မေလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှ ယူ၍ရောင်းချကြပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချကြ သည်။

       ယခုအခါတွင် ဈေးကွက်အတွင်း ထားဝယ်ဒေသမှထွက်သော ခရမ်းချဉ်သီးများဝင်လာမှုမရှိသဖြင့် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)